"အခြေခံရပ်တည်ချက်"
တိုင်းရင်းသား၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို အခြေခံသည့် အကျိုးစီးပွားဟု ဆိုရာတွင် နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသော ကဏ္ဍအားလုံးကို ဆိုလိုသည်။ အင်အားစုအားလုံးကို ကြိုဆိုပြီး ရပ်တည်ချက်၊ မူဝါဒတူညီသူများနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိပါသည်။ ထာဝရငြိမ်းချမ်းရေး၊ ညီညွှတ်ရေးတို့မှတဆင့် စီးပွားရေးတိုးတက်မှုနှင့် ပြည်သူများပါဝင်နိုင်သည့် ဂုဏ်သိက္ခာရှိသောနိုင်ငံရေး ဝန်းကျင်သစ် တည်ဆောက်ရေးအတွက်ရည်မှန်းထားဆောင်ရွက်မည်။
"မူဝါဒ"
တိုင်းရင်းသားများနှင့် နိုင်ငံသားများကြား တန်းတူညီမျှသော အခွင့်အရေးနှင့် တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးကို ဦးတည်သည်။ နိုင်ငံရေး၊ စစ်ရေးပဠိပက္ခများ ချုပ်ငြိမ်းစေပြီး နားလည်မှုပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ထူထောင်ရန်၊ လူမှု၊ စီးပွား၊ ပညာ စသော ကဏ္ဍအသီးသီးတို့ကို တိုးတက်စေရန် အားလုံးနှင့်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်လာမည့် အနာဂတ်မျိုးဆက်သစ်တို့အတွက် နိုင်ငံရေးဝန်းကျင်သစ်နှင့် အစဉ်အလာ ကောင်းများ ချန်ထား လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်သွားမည်။
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ
ပြည်သူလူထုအတွက် အာမခံချက်ပေးလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ
ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခံရသည့် မိမိတို့ပါတီမှ (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလွှတ်တော်) ကိုယ်စားလှယ်များအနေဖြင့် အောက်ပါ လုပ်ငန်းစဉ်များကို အာမခံ-ကတိကဝတ်ပြု ဆောင်ရွက်သွားမည်....
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ(ဗဟို) ရုံး
လိပ်စာ : မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
ဖုန်း : ၀၉၇၅၂၅၁၅၄၈၆၊ ၀၉-၆၇၉၁၀၂၀၁၀၊ ၀၅၇-၂၀၂၆၉၅၅
Email : info@nidpmm.org